ဟိုပုံး၊  ၂၆  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  Eastern States Agri-business Project (ESAP) စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဒီဇင်ဘာ ၂၅ ရက်က နံနက်ပိုင်းက ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် နှင့် တာဝန်ရှိသူများက ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာန ရေအရင်းမြစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ESAP စီမံကိန်း ငွေကျပ် ၉၂ ဒသမ ၅၀ သန်းဖြင့် ဆောင်ရွက်သည့် သောက်သုံးရေကန်ငါးခု ပြီးစီးမှုကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ESAP စီမံကိန်းငွေကျပ် ၅၇၇ ဒသမ ၉ သန်းဖြင့် နမ့်ခွီးရေလွှဲဆည် အထက်ပိုင်းနုန်းထိန်းဆည် တည်ဆောက်ခြင်းလုပ်ငန်း အလျား ၅ ပေ၊ အနံ ၃၅ ပေ၊ အမြင့် ၁၅ ပေ၊ နမ့်ခွီးရေလွှဲဆည် အထက်ပိုင်းနှင့် အောက်ပိုင်း အလျား ပေ ၂၅၀ ၊ အနံ ပေ ၅၀ ၊ အမြင့် ၃ ပေ၊ နမ့်ခွီးရေလွှဲဆည် တူမြောင်းမကြီး ပုံစံကျ ပြန်လည်တူးဖော်ခြင်း လုပ်ငန်း အလျားပေ ၅၂၀ ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေ၊ နမ့်ခွီးရေလွှဲဆည် ရေဆိုးထုတ်ပြွန် အမှတ် (၂) ပြန်လည်တူးဖော်ခြင်း လုပ်ငန်း အလျား ပေ ၄၂၀၀ ၊ အနံ  ၁၀ ပေ၊ အမြင့် ၆ ပေနှင့် နမ့်ခွီးရေလွှဲဆည်ရေ ကူပန်းတလရေလွှဲဆည် အောက်ဖက်ချောင်းမကြီး ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အလျား ပေ ၆၅၀၀ ၊ အနံ ၁၅ ပေ၊ အမြင့် ၇ ပေ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ငွေကျပ် ၁၁ ဒသမ ၇၇၃ သန်းဖြင့်ဆောင်ရွက်သည့်  (၁/၀) မိုင် စမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်း ငွေကျပ် ၃၆ ဒသမ ၇၅ သန်းဖြင့် ဆောင်ရွက်သည့် ဟိုလိကျေးရွာ (၀/၆) မိုင် ကုန်ထုတ်လမ်းနှင့် Box Culvert နှစ်ခု ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဟိုပုံး(ပြန်/ဆက်)

 

mdn