ဟိုပုံး  ၁၅  ဇန်နဝါရီ   

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့်၊ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက် လုပ်သော ကျောက်တန်း  အခြေခံပညာအထက်တန်းကျောင်း၊  ကျောင်းဆောင်သစ်အား   ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်တန်း ကျေးရွာအုပ်စု၊ ကျောင်းတန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

8

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်စံလွင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးအေးကို၊ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်လှိုင်၊ စေတနာအဖွဲ့၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးခွန်ခေါင်၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ အ.ထ.ကကျောက်တန်းကျောင်း၏ ဒသမတန်း ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန် သီချင်းဖြင့်  ဖျော်ဖြေသီဆိုခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှိုင်က   ပညာရေးနှင့် ပတ်သက်သောအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

 

5

 

ထို့နောက် စေတနာအဖွဲ့၏ စီမံကိန်းတာဝန်ခံဒေါ်အေးအေးသန်းက ကျောင်းဆောင်နှင့် ပတ်သက် သော စာရင်းဇယား အချက်အလက်များကိုလည်းကောင်း   ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် စေတနာအဖွဲ့မှ ဒေါ်အေးအေးသန်းက ပညာရေးဌာနသို့ ကျောင်းဆောင်နှင့် ပတ်သက်သောစာရွက် စာတမ်းများနှင့် ကျောက်တန်းကျေးရွာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ခဲ့ပြီး ကျောင်းဆောက်လုပ် ရေးကော်မတီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါ ကျောင်းဆောင်သစ်သည် အလျားပေ(၁၂၀) ၊အနံပေ (၃၀) တစ်ထပ် အဆောက်အဦဖြစ်ကြောင်း သိရသည်။

 

နေမင်းထွန်း(ပြန်/ဆက်)