ဟိုပုံး၊ ၂၄ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ်ရန်ပုံငွေဖြင့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန် ပန္နက်ရိုက်ထူခြင်းကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်အားကစားကွင်း အားကစားရုံတည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့သည်။

 

ပန္နက်ရိုက်ထူရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  Willian Sky ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက  မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်နေရာအား  ပန္နက်ရိုက်ထူပေးကြသည်။

 

မိုးလုံလေလုံအားကစားရုံသည် အလျား ပေ ၁၅၀၊ အနံ ပေ ၂၀ ရှိ RC နှစ်ထပ်ဖြစ်ပြီး အားကစားရုံအတွက် ပြည်နယ်ရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၄၈ ဒသမ ၅၀၀ ဖြင့် Willian Sky ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဟိုပုံး(ပြန်/ဆက်)