ဟိုပုံး၊ ၂၉ ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံသစ် ပန္နက်ရိုက်ထူခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံ တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်သည်။

ပန္နက်စိုက်ထူရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးခွန်မောင်ပယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ယာယီတာဝန်ခံ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်ထွန်းတို့က မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံ တည်ဆောက်မည့်နေရာ၌ ပန္နက်ရိုက်ထူကြသည်။

မြို့နယ်ပညာရေးမှူးရုံးသည် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅၃ ဒသမ ၀၄ သန်းဖြင့် RC နှစ်ထပ် အဆောက်အအုံကို ကုန်းဘောင်ရွှေပြည် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)