ဟိုပုံးနှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၅ မတ် 
    

 

ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁/၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၅ ဒသမ ၆၆) ဧကခန့်အား ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မတ် ၄ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
    

 

အလားတူ မိုင်းပျဉ်းမြို့နယ်၊ ပါထားကျေးရွာ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၅)ဧကခန့်အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN