နေပြည်တော် ၂၆ ဇန်နဝါရီ


ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ငိုချီးကျေးရွာအရှေ့ဘက် ၆ ဖာလုံခန့်အကွာ၌ အမြင့် (၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၆ ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဖျက်ဆီးခဲ့ကြောင်း သိရသည်။    


အလားတူ ပင်လောင်းမြို့နယ်၊ ပင်စုံကျေးရွာ၌ ဘိန်းစိုက်ခင်း ၈ ဧကခန့်အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN