ဟိုပုံး ၂၁ မတ်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ် တော်သလင်းလနှင့် တပေါင်းလတို့တွင် နှစ်ကြိမ်တိုင် မြို့လုံးကျွတ် ဆွမ်း၊ ဆန်၊ ဆေး လောင်းလှူပွဲ ပထမအကြိမ်ကို ယနေ့ မွန်းလွဲ(၃)နာရီက ဟိုပုံးမြို့၌ ကျင်းပပြုလုပ်သည်။
ဟိုပုံးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်းမှ ပင့်ဖိတ်သံဃာအပါး (၄၀ဝ) ကျော်တို့အား သီရိမင်္ဂလာ လောကချမ်းသာ မွေတော်ဘုရားကြီးတွင် စုရပ်ပြုကာ ဘုရားကြီးရင်ပြင်ပေါ် လက်ယာရစ် လှည့်လည်ပြီး အနောက်ရပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ထိုမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်းနှင့် ဟိုပုံးကားဂိတ် ဗိုလ်တေဇလမ်းတစ်လျှောက် မြို့တစ်ပတ်လည့်လည် ဆွမ်းခံကြွတော်မူရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်ဇနီး ဒေါ်တင်တင်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ တာဝန်ရှိသူများ၊ အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများနှင့် မြို့ပေါ် (၆) ရပ်ကွက်မှ ဒေသခံပြည်သူများက ဆွမ်း၊ ဆန်၊ ဆေး၊ နှင့် လှူဖွယ်ဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)


