နေပြည်တော် ၁၄ နိုဝင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်မှု မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မျှော်မှန်းရလဒ်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက အကြံပြုဆွေးနွေးကြသည်။
သန့်ဇော်


