နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌‌ ဦးအောင်သော်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံစဉ် ရန်ကုန်တိုင်း‌‌ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှု၊ ‌မြန်မာနိုင်ငံ၏ အဓိက ဝင်ပေါက်တစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက် မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့များနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ အလုပ်အမှု ဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ်များနှင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ  တာဝန်ရှိသူများနှင့် အင်းယားကန်ဟိုတယ်၌ တွေ့ဆုံပြီး   မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတစ်ရပ် အောင်မြင်အောင် ထိန်းကျောင်းတည့်မတ်‌ ပေးခြင်းသာဖြစ်ပြီး ဖြေလျော့ပေးရန် လိုအပ်သည်များကို ဖြေလျော့ပေးနိုင်ရေး စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲမှရရှိသော အကြံပြုဆွေးနွေးချက်များကို ပြန်လည်သုံးသပ်ကာ အစီအစဉ်များရေးဆွဲ၍ အချိန်တိုတိုဖြင့် ထိ‌ရောက်အောင် အသင်းအဖွဲ့ များဖြင့်ပူးပေါင်း၍ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း။

 

mdn

 

ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်လာရေးအတွက် လုပ်ငန်းပိုင်းဆိုင်ရာနှင့် မူဝါဒ ပိုင်းဆိုင်ရာများ ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အတွက် အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်ရေး အတွက်သာမက ပြည်တွင်းခရီးသွား လုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ ရည်မှန်းဈေးကွက်ကို နားလည် သဘောပေါက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဖိတ်ခေါ်ရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိ‌အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိ သူများက အသင်းလိုက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိသော ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် လုပ်ငန်းလိုအပ် ချက်များကို ဖြည့်စွက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်း၍ သာယာလှပသည့် ခရီးသွားဆွဲဆောင်ရာနေရာများ ပေါ်ထွက်လာစေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်