နေပြည်တော် ၅  ဩဂုတ် 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှု၊  ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)၏  ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)၏ စီစဉ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ) သင်တန်း (၄)မျိုး သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၂ ရက် နံနက်ပိုင်းက  ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း တွင် ကျင်းပခဲ့ပါသည်။ 

 

07

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ညောင်ရွှေမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများ ၊ သင်တန်းသား၊သင်တန်းသူ (၁၇၁) ဦး နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၀၆) ဦး တက်ရောက်ခဲ့ကြပါသည်။

 

08

 

အခမ်းအနားတွင် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးသိန်းဝင်းတို့က သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း၊ သင်တန်းတွင် ထူးချွှန်စွာအောင်မြင်ခဲ့သူများအား ဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ 

ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်) နှင့် Human Resource Development Committee တို့ ပူးပေါင်းစီစဉ်သည့် “Improving Service Quality In The Hospitality Industry” အသိပညာပေးဟောပြောပွဲအား ဆက်လက်ကျင်းပခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

MDN