HIV ရောဂါမှန်း သိရပြီးချိန်၏ စိတ်အခြေအနေ

ရေးသားသူ Dr. Zin Thu Thu Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

HIV ရောဂါမှန်း သိရချိန်တွင် ဘဝတွင် စိတ်အဆင်းရဲဆုံး အခြေအနေနှင့် ကြုံတွေ့ရနိုင်ပါသည်။ ကိုယ်ခန္ဓာ ပြောင်းလဲမှုများအပြင် မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးလည်း ပြောင်းလဲနိုင်ပါသည်။ ထိုသို့သော စိတ်ဖိစီးမှုများသည် မိမိ၏ဘဝတက်လမ်းကို ထိခိုက်နိုင်ပါသည်။

 

ထိုကြောင့် မည်သို့ခံစားရပုံနှင့် ဘယ်လို ကျော်ဖြတ်ရမလဲဟူသော အခြေအနေများကို သိထားသင့်ပါသည်။

 

ကြောက်ခြင်းနှင့် စိတ်ပူခြင်း

ကြောက်ခြင်းသည် လူတိုင်း HIV ရောဂါမှန်းသိရပြီးချိန်တွင် ခံစားရသော ပုံမှန်ခံစားမှုမျိုး ဖြစ်ပါသည်။ အစပိုင်းတွင် ခံစားရသည်များမှာ မိမိ၏သူငယ်ချင်း၊ မိသားစုများက မိမိကိုအထင်သေးမည်၊ ပယ်မည် စသည်ဖြင့် တွေးတောနေခြင်းကြောင့် ဖြစ်သည်ဟု HIV/AIDS စိတ်ကျန်းမာရေးဌာနက ပြောကြားသည်။

 

ကြောက်ခြင်းသည်လည်း ကြာရှည်စွာ ကုသရမည့်အချက်မျိုးဖြစ်သည်။ ထိုမှတစ်ဆင့် တခြားသောဖျားနာမှုများ ဖြစ်ပေါ်ပြီး သက်တမ်းတိုစေနိုင်သောကြောင့် ဖြစ်ပါသည်။

 

စိတ်ကိုအေးအေးထားပြီး ဆရာဝန်နှင့် ထိုသို့သော အခြေအနေကို မည်သို့ကျော်ဖြတ်မည့်ပုံကို တိုင်ပင်ပါ။ ရောဂါကိုထိန်းချုပ်မည့် နည်းလမ်းမတိုးလာအောင် ကာကွယ်မည့် နည်းလမ်းများကိုဆွေးနွေးပါ။ မိမိ၏ မိသားစု၊ ရင်းနှီးသောသူငယ်ချင်းများနှင့် အထူးသဖြင့် မိမိ၏လက်တွဲဖော်ကို အကူအညီတောင်းခံပါ။ ထိုသို့ မိမိတို့ကို နားလည်ပေးနိုင်သော သူများနှင့် အတူတကွနေခြင်းသည် မိမိ၏ စိုးရိမ်စိတ်များကို လျော့ပါးစေပါသည်။

 

မိမိတွင် အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ရှက်ရွံ့ခြင်း

HIV ရောဂါရှိသူများသည် မိမိတွင်အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ရှက်ရွံ့ခြင်းကို ခံစားရတတ်ပါသည်။ စစချင်း သိရချိန်တွင် မိမိသည် မိမိကိုချစ်ခင်သူများက စွန့်ပစ်သွားမည်ဟု ထင်ကြပါသည်။ မိမိသည် အသုံးမကျသူ ဟုလည်း ထင်နေတတ်ပါသည်။

 

သိထားရမည်မှာ HIV ရောဂါသည် အသည်းရောဂါ၊ ကင်ဆာရောဂါများကဲ့သို့ပင် ဖြစ်သည်ဟု သိထားရပါမည်။ ဘယ်လို ကာကွယ်ရမည်ကိုသိလျှင် မကူးစက်နိုင်ပါ။ အချိန်ပေးပြီး တခြားသူများကိုရှင်းပြပါ။ တခြားသော လူမှုရေးအဖွဲ့အစည်းများဝင်၍လည်း အကူအညီရယူနိုင်ပါသည်။ တခြားသူများနှင့် စကားပြောရန် ဝန်မလေးပါနှင့်။ တခြားသူများမှာကြောက်၍ မိမိကိုပို၍ ရှောင်နေပါလိမ့်မည်။

 

စိတ်ဓာတ်ကျခြင်းနှင့် တခြားသူများကို အဆက်အသွယ် ဖြတ်ခြင်း

ရောဂါဖြစ်သည်ဟု စသိရသည့်အချိန်တွင် အကူအညီမဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။  တစ်ယောက်တည်းနေသော HIV ရောဂါရှင်များသည် တခြားသော အစုအဖွဲ့တည်းတွင်နေသော လူများထက်ပို၍ အထီးကျန်တတ်ပါသည်။

 

စိတ်ရောဂါပညာရှင် ပါမောက္ခ တစ်ဖနီမက်ခ်ဒေါင်ဝဲလ်က AIDS စောင့်ရှောက်ရေးဆိုသော စာတမ်းကို တင်ပြဖူးပါသည်။ HIV ရောဂါ ဝေဒနာရှင်များသည် ပုံမှန်ထက် ၂ ဆပိုမို၍ စိတ်ဓာတ်ကျလွယ်ကြောင်း သိရှိရပါသည်။ HIV ရောဂါ ဝေဒနာရှင်များနှင့် အတူနေထိုင်သောသူများသည် တခြားသူများနှင့် ဆက်သွယ်ပေးပြီး ကုသမှုကိုခံယူစေပါသည်။

 

တစ်နေ့လုံး အိမ်ထဲတွင်မနေပါနှင့်။ အပြင်ထွက်ပြီး လုပ်နိုင်သမျှအားကစားကိုလုပ်ပါ။ မနက်ခင်းစောစော လေ့ကျင့်ခန်းလုပ်ခြင်း၊ အိမ်အလုပ်လုပ်ခြင်း၊ အားကစားတစ်ခုခု လုပ်ခြင်းသည်လည်း စိတ်၏အခြေအနေကို တိုးမြှင့်ပေးပါသည်။ လူတိုင်းသည် HIV ရောဂါ ဖြစ်နေသူများကို စာနာပါသည်။ ဘဝကို အဓိပ္ပာယ်ရှိရှိလည်း ဖြတ်သန်းရအောင် ကူညီပေးပါသည်။

 

စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများ

 

HIV သို့မဟုတ် AIDS ရောဂါရှိသူများသည် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျ ရာဂါများ ဖြစ်လေ့ရှိကြပါသည်။ ထို့ကြောင့် သိထားရမည်မှာ စိတ်ရောဂါများသည် ရောဂါစသိချိန်၊ လက္ခဏာများပေါ်ချိန်နှင့် ဆေးရုံတက်ချိန်များ တွင် ဖြစ်လေ့ရှိကြောင်း သိရပါမည်။

 

ထိုဖြစ်ရပ်မျိုးတွင် မိမိ၏ဆွေမျိုးများ အထူးသဖြင့် မိမိချစ်ရသောသူများ အနားမှာရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။ အထူးသဖြင့် မိသားစုမှာ အခက်အခဲများကျော်လွှားရန် အကောင်းဆုံးအထောက်အပံ့ ဖြစ်ပါသည်။

 

ယခုအခါ HIV ရောဂါကို ကုသနည်းများနှင့် ကာကွယ်နည်းများကို ရှာဖွေပြီးဖြစ်ပါသည။်

 

ထို့ကြောင့် ရောဂါဝေဒနာရှင်များအတွက် မျှော်လင့်ချက်မမဲ့တော့ပါ။ အကောင်းဘက်က တွေးတောပါ။ ကျန်းမာစွာနေထိုင်ပါ။ ဘာပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်တွင် လူများက၊ အထူးသဖြင့်မိသားစုက မိမိကို အမြဲထောက်ခံနေပါသည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"