HIV ရောဂါဖြစ်မှန်း သိပြီး၍ နေထိုင်မှုနှင့် အစားအသောက်ပုံစံ ပြောင်းလဲခြင်း

ရေးသားသူ Dr. Zin Thu Thu Win

ဆေးပညာဆိုင်ရာ တည်းဖြတ်သူ hellosayarwon.

 

HIV ဟု သိလိုက်ပြီးသကာလ မိမိ၏ဘဝသည်လည်း ပြောင်းလဲသွားပါသည်။ ပို၍ ခက်ခဲလာပါလိမ့်မည်။ သို့သော် ကောင်းသောဘက်ကို ပြောင်းလဲမည်ဆိုလျှင် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်နိုင်ပါသည်။

 

အောက်ဖော်ပြပါအချက်များမှာ ကျန်းမာသော နေထိုင်မှုဘဝရရှိစေရန်အချက်များဖြစ်ပါ သည်။

 

မှတ်တမ်းထားပါ

ယခင်က မှတ်တမ်းမထားဖူးပါက ယခုပြုလုပ်ကြည့်ပါ။ ဆရာဝန်များနှင့်တိုင်ပင်၍ ပြုလုပ်ကြည့်ပါ။ ဆရာဝန်ပြောသမျှ မိမိမေးချင်သော မေးခွန်းများကို ချရေးထားပါ။ ဆေး စသောက်လျှင်လည်း မှတ်တမ်းထားပါ။ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ခံစားရလျှင်လည်း ချရေးထားပါ။ ဆရာဝန်က သွေးထဲတွင်ရှိသော CD4 ပမာဏနှင့် ရောဂါပိုးပမာဏကို စစ်ခိုင်းပါကလည်း အဖြေများကို မှတ်တမ်းထားပါ။ မှတ်ထားသည်မှာ များလေလေ ကျန်းမာရေးအတွက် ကောင်းလေလေ ဖြစ်ပါသည်။

 

မိမိ၏သူငယ်ချင်း၊ မိတ်ဆွေများနှင့် သူငယ်ချင်းများကို ရောဂါအကြောင်းပြောပြထားပါ။ မိမိရောဂါ ဖြစ်ချိန် အခက်အခဲ ဖြစ်ချိန်များတွင် ကူညီကျော်ဖြတ်ပေးနိုင်ပါသည်။

 

တစ်ယောက်တည်း ကျိတ်မှိတ်ခံခြင်းသည် စိတ်ဓာတ်ကျရောဂါ ခံစားရနိုင်ပါသည်။ အသင်းအဖွဲ့တစ်ခုခုကို ပါဝင်ထားခြင်းဖြင့်လည်း မိမိနှင့်ဘဝတူများကိုလည်း သိရှိရပြီး စိတ်သက်သာရာ ရစေပါသည်။

 

ကျန်းမာသော နေထိုင်မှုဘဝကို ရွေးခြယ်ပါ။

ဆေးသည် တစ်ခုတည်းသော ကုထုံးမဟုတ်ပါ။ မိမိခန္ဓာကိုယ်ကို သေချာစွာ ဂရုစိုက်လျှင်၊ ကျန်းမာရေးလိုက်စားလျှင် HIV ကြောင့်ဖြစ်သော တခြားသော နောက်ဆက်တွဲ ပြဿနာများ၊ ဥပမာ–အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့် ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

 

ကျန်းမာသော လူနေမှုဘဝရအောင် မည်သို့ လုပ်ဆောင်မည်နည်း

ညီညွတ်မျှတသော အစားအစာများ၊ အသီးအရွက်များ၊ အစေ့အဆံများ၊ ပရိုတင်းများသော အသားများကို စားသုံးရပါမည်။ အစားအသောက်ကောင်းသည် အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်ပါသည်။ ခန္ဓာ၏ခုခံအားစနစ်ကို တိုးမြင့်ပေးပြီး အားအင်များပြည့်ဝစေပါသည်။ တခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

 

အစားအစာနှင့်အတူ လေ့ကျင့်ခန်းလည်း ပြုလုပ်ရပါမည်။ ဆရာဝန်နှင့်တိုင်ပင်ပြီး အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ရပါမည်။ အစပိုင်းတွင် လေ့ကျင့်ခန်း အပျော့စားများ ပြုလုပ်၍ နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးမြှင့်ရပါမည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂပြုလုပ်ခြင်းတို့သည် အကောင်းဆုံး ဖြစ်ပါသည်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်၍ ကိုယ်အလေးချိန် ထိန်းနိုင်ပါသည်။

 

ထို့အပြင် မိမိစိတ်ကို အမြဲအကောင်းတွေးထားပါ။ မကောင်းဘက်ကိုမတွေးပါနှင့်။ မကောင်းသောအတွေးသည် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးခြင်း စသည့် ကောင်းသောအလေ့အကျင့်များကို ပျက်စီးစေပါသည်။

 

ကုသမှုကို ပြင်ဆင်ရန် မကြောက်ပါနှင့်။

တစ်သက်လုံး ကုသမှုတစ်မျိုးတည်း ဖြစ်သွားရမည်မဟုတ်ပါ။ ကုသနေစဉ်အချိန်အတွင်း ပြောင်းလဲမှုများ ပြုလုပ်ရနိုင်ပါသည်။

 

ဆေးပြောင်းလဲသင့်သည့် အချိန်များမှာ ဆေးယဉ်ပါးသွားခြင်း၊ ဆေးစုပ်အား လျော့နည်းခြင်း၊ ဆေးသောက်သုံးချိန် မမှန်ခြင်းနှင့် တခြားသောဆေးများနှင့် ပူးပေါင်းရန်မသင့်ခြင်းတို့ ဖြစ်ပါသည်။

 

 

မိမိလက်ရှိ သောက်နေသောဆေးသည် မတိုးတော့သည်ဟု ခံစားရလျှင်၊ ဘေးထွက် ဆိုးကျိုးများ ခံစားရလျှင် ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆေးကုသမှုခံယူနေစဉ်အတွင်း ဖြစ်နိုင်ခြေရှိသော ကုသမှုမျိုးစုံကို ကြိုးစားသင့်ပါသည်။

 

HIV ရောဂါဟု သိရသည့်တိုင်အောင် ပုံမှန်ဘဝကို လျှောက်လှမ်းနိုင်ပါသည်။ မိမိရောဂါအတွက် ကြောက်နေရန်မလိုပါ။ သတ္တိရှိပါ။ အကောင်းမြင်ပါ။ ထိုမှသာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မည်ဖြစ်ပါသည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"