ရန်ကုန် ၁၄ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်(၅)ရပ်ကွက်၊ ခရေ(၄)လမ်း ၊ အမက(၂၆)ကျောင်းတွင် မေ ၁၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော Hlaing Fever Clinic အား စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းကို ဇွန် ၁၄ ရက်နေ့တွင် အပြီးပြောင်းရွေ့ပြီး လှိုင်မြို့နယ် (၆) ရပ်ကွက်၊ သုခလမ်း၊ အမှတ်(၁၂၁)၊ (မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်း)သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်သည်။ ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာတွင် ဇွန် ၁၅ ရက်၊တနင်္လာနေ့မှစ၍ စတင်ဆေးကုသမှုပေးမည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက်(၈ နာရီမှ ၁၁ နာရီ)အထိ အခမဲ့ဆေးကုသမှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)


