ဒေးဒရဲ  ၁၉  ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဟင်းခတ်အချိုမှုန့်ထုပ်များတွင် အလေးချိန်ဖော်ပြချက်နှင့် ပါဝင်မှုအလေးချိန် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း စစ်ဆေးခဲ့သည်။

 

0048

 

ထိုသို့ စစ်ဆေးရာတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့မဈေးကော်မတီဝင်များက စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် လိုက်လံစစ်ဆေးခဲ့ပြီး ဟင်းခတ်အချိုမှုန့်ထုတ်များတွင် အလေးချိန်ဖော်ပြချက်နှင့် အလေးချိန် လျော့နည်းရောင်းချ ဖြန့်ဖြူးမှုကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေး အသိပညာပေးခြင်းများ ပြလုပ်ခဲ့သည်။
 
မြင့်မြင့်ခိုင်(ပြန်/ဆက်)