ဟင်္သာတ ၊ နိုဝင်ဘာ ၁၀

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟင်္သာတခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပသော ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အသက် ၂၅ နှစ်အောက်( ၆ )မြို့နယ် အမျိုးသား ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က ဟင်္သာတမြို့ မိုးလုံလေလုံ အားကစားရုံတွင်  ပြုလုပ်သည်။


   

အခမ်းအနားတွင် ဟင်္သာတခရိုင် (၆) မြို့နယ်တို့မှ အားကစားသမားများက ကွင်းအတွင်း နေရာယူပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားကာ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်  အားပေးစကားပြောကြားခဲ့သည်။


            

ပထမဦးစွာ ပြိုင်ပွဲကို လေးမျက်နှာ မြို့နယ်အသင်းနှင့်ကြံခင်းမြို့နယ် အသင်းတို့ယှဉ်ပြိုင်ခဲ့ကြ​ကြောင်း သိရသည်။

 

ကိုဇော် (ဟင်္သာတ)