လေးမျက်နှာ  ၂၀     နိုဝင်ဘာ  

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှတားမြစ် ထား‌သော သစ္စာရှင်နှင့် ရွှေဆေး အမှတ် တံဆိပ်ပါ အဆစ်အမြစ်နာ အကိုက်အခဲ ပျောက်ဆေးမှုန့် (ထုပ်)များ ရောင်းချမှု ရှိ/မရှိကို ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

၂

 

ယင်းသို့ စစ်ဆေးရာတွင် လေးမျက်နှာမြို့ပေါ်ရပ် ကွက်များရှိ ဆေးမျိုးစုံဆိုင်များတွင် ရောင်းချ လျက်ရှိသော ဆေးများအနက် FDA မှ တားမြစ်ထားသော ရွှေဆေးအမှတ်တံဆိပ်ပါ အဆစ် အမြစ်နာ အကိုက်အခဲသောက် ဆေးမှုန့် (ထုပ်)များ ရောင်းချမှုရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေး၊ မြို့နယ်‌အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဝင်းသူဖြိုးနှင့် ဒုရဲအုပ် ကျော်နိုင်ဖြိုးတို့ ပူးပေါင်းအဖွဲ့မှ ဆေးမျိုးစုံဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ အဆိုပါ တားမြစ်ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

 

ရွှေမိုး(ပြန်ဆက်)