ဟင်္သာတ     မေ      ၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မေ ၆ ရက် နံနက်ပိုင်းက နည်းပြ/သရုပ်ပြ ဆရာဆရာမသစ်လွင်များ ကြိုဆိုပွဲကို ပြုလုပ်ရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတ တက္ကသိုလ် ပါမောက္ခာချုပ် ဒေါက်တာသိင်္ဂီရွှေက ကြိုဆိုဂုဏ်ပြုစကားပြောကြားကာ မြန်မာစာဌာနမှ ဆရာမ ဒေါ်သင်းမြတ်နိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ကိုဇော်(ဟင်္သာတ)