ဟင်္သာတ ၁၉ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အတွင်းရှိ သမဝါယမ အသင်းသားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်များ ပစ္စည်းများ ဟင်းသီးဟင်းရွက်များကို အရောင်းဆိုင်များတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချလျက်ရှိရာ ဟင်္သာမြို့ ပါဆယ်လမ်းရှိ မြို့နယ်သမဝါယမဦးစီးဌာနရုံးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသော မီးဖိုချောင်သုံးပစ္စည်းမျာနှင့် လူသုံးကုန်ပစ္စည်းများ ကိုလည်းကောင်း၊ မြဝတီရပ်ကွက် ရတနာရောင်းဝယ်ရေး သမဝါယမအသင်း လီမီတက်အရောင်းဆိုင် တွင် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက် မျိုးစုံတို့ကို နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဉီးကြည်လင် ထံမှသိရသည်။
ကိုဇော် (ဟင်္သာတ)


