ဟင်္သာတ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာ၌ ခရိုင်နှင့်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ကြီးမှူး၍ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးပွဲကျင်းပသည်။
အဆိုပါကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲကို ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းသောင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်လေ့လာကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


