ဟင်္သာတ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲနှင့် သီးနှံအာမခံအကြောင်း ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ညိုမာမြင့်က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၊ ခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်က တောင်သူများ သီးနှံအာမခံထားရှိရေးကိစ္စနှင့် အာမခံအမျိုးအစားများ၊ အာမခံထားရှိခြင်း၏ အကျိုးကျေးဇူးရလဒ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


