ဟင်္သာတ  ၄ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဧပြီ ၃ ရက် နံနက်ပိုင်းက လေဘေးသင့် အိမ်ထောင်စုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

1

 

ဟင်္သာတမြို့နယ်တွင် ဧပြီ ၂ ရက် ညနေပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လိပ်ခုံးကျေးရွာ၊ အညာကုန်းကျေးရွာ၊ အလယ်ကုန်းကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် လူနေအိမ် ၁၇ လုံး အမိုးလန်၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်း၊ လူဦးရေ ၇၈ ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ၊ ကယ်ဆယ်ပစ္စည်း ၁၀ မျိုး၊ ပလပ်စတစ်ဖျာ (၁၇)ချပ် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၄၁၈၄၇၀ ကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက လေဘေးသင့်အိမ်ထောင်စုများ၏ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

1