ဟင်္သာတ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် (၆၅)နှစ်အထက် သက်ကြီးသူများနှင့် သာသနာ့နွယ်ဝင်များအား ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှစတင်၍ တာကလေးရပ်ကွက်ရှိ ဦးအောင်မြတ်ကျော် ဘုရားတန်ဆောင်း၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်နှင့် ဟင်္သာတဘိုးဘွားရိပ်သာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီက စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဇော်(ဟင်္သာတ)


