ဟင်္သာတ ၊ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုကျမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသဖြင့် လူနေအိမ်များပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် မြစ်ကမ်းပါးနှင့် ဝေးရာနေရာသို့ ပြောင်းရွှေ့လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက လူနေအိမ် (၁၃)လုံး အိမ်ထောင်စု (၁၃)စု၊ လူဦးရေ ကျား(၂၈)ဦး၊ မ (၂၇)ဦး စုစုပေါင်း (၅၅)ဦးတို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ကိုဇော် (ခရိုင်ပြန်/ဆက်)