ဟင်္သာတ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အင်္ဂရမ်းကျေးရွာအုပ်စု အုတ်ရှစ်ကုန်းကျေးရွာတွင် ယမန်နေ့က ငဝန်မြစ်ရေ တိုက်စားမူကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်သဖြင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။

အဆိုပါ မြစ်ကမ်းပြိုမှုကြောင့် စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နေအိမ် (၁၃)လုံး၊ အိမ်ထောင်စု(၁၃)စု လူဦးရေ ကျား(၂၈)ဦး၊ မ (၂၇)ဦး စုစုပေါင်း (၅၅)ဦးတို့အား မြစ်ကမ်းပါးနှင့်ဝေးရာ နေရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ဝိုင်းဝန်းကူညီကာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ကြပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမူ မရှိကြောင်းနှင့် အိမ်ထောင်စုများအား ပံ့ပိုးကူညီထောက်ပံ့နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဇော် ခရိုင်ပြန်/ဆက်(ဟင်္သာတ)