ဟင်္သာတ၊ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ရေပြင်သက်ကယ်ရှာဖွေ ကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီခွဲက ဟင်္သာတမြို့ လက်သမားရပ် တာကြီးတန်း ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစိုးနောင် ဦးဆောင်၍ ရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များက ရေနစ်သူအား (Speed Board) ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ အဝေးထိန်း အသက်ကယ်ယာဉ်ဖြင့် ကယ်ဆယ်ခြင်းနှင့် ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုခြင်းတို့ကို လက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကိုဇော် (ပြန်/ဆက်)