ဟင်္သာတ ၄ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ က လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပခဲ့ရာ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဘင်ခရာတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ယင်းနောက် ဟင်္သာတမြို့တော်ခန်းမတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ဖတ်ကြားပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပခဲ့သည့် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသည့် အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်အနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဂုဏ်ပြုရဲတပ်ဖွဲ့နှင့် ဘင်ခရာ တပ်ဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆင်းသွယ်လတ်စစ်ကြောင်း၊ ထွန်းသီရိစစ်ကြောင်းနှင့် ရွှေမြန်မာစစ်ကြောင်းတို့ ချီတက်ခဲ့ကြောင်း သိရှိရသည်။
ယင်းအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)