ဟင်္သာတ ၉ ဩဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်သည် ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာတွင် လတ်တလောဖြစ်ပွားနေသည့် ကမ်းပြိုမှုအခြေအနေ၊ ရေဘေးကာကွယ်ရေး တာတမံအခြေအနေများ နှင့် မြစ်ကမ်းကာ ကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်သည် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်  ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် တာဝန်ခံဝန်ထမ်းများ နှင့်အတူ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ် ကျေးရွာသို့ ရောက်ရှိပြီး ရေဘေးကာကွယ်ရေး တည်ဆောက်ထားသည့် ဟင်္သာတကမ်းနား (၅/၂)နှင့် ဧရာဝတီ-ဟင်္သာတတာ (၄/၆)ကြားရှိ ဖြတ်တာသစ်အတွင်း မြစ်ရေဝင်ရောက်မှုနှင့် ကမ်းပြိုမှုအခြေအနေ၊ တာတမံအခြေအနေနှင့် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဆည်‌ မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးကြည်ဆွေမှ ဦးမိုးလေးဖြတ် တာနောက် ပေ (၁၀၀၀)ခန့်အကွာတွင် တည် ဆောက်ထားသည့်ဖြတ်တာသစ်နှင့် ဖြတ်တာ သစ်အရှေ့ လှိုင်းကာတန်းရိုက်ထားမှုအခြေ အနေ၊ (Geo textile)ဒီဇိုင်းဖြင့်ကာကွယ်ခြင်း၊ ဆိုင်ဖွန်နည်းပညာဖြင့် ရေသွင်းမှုအခြေအနေ၊ ဟင်္သာတမြို့ကိုကာကွယ်ထားသည့် ဖြတ်တာ (၂)၊ ဖြတ်တာ(၃) တည်ရှိမှု အခြေအနေများကို ရှင်းလင်း‌တင်ပြခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)