ဝက်လက်   ၁၄     မတ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝက်လက်မြို့နယ် ဟန်လင်းပျူမြို့ဟောင်း  အမှတ် (၅)ရပ်ကွက် တောင်းပိုင်းတွင် နွေရာသီ သောက်သုံးရေ ရှားပါးမှု မဖြစ်စေရေးအတွက်  ၄ လက်မ ၊ စက်ရေတွင်း တူးဖေါ်နေမှုကို ယနေ့နံနက် ၁၀  နာရီက ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

စက်ရေတွင်း တူးဖော်ဆောင်ရွက်ရာတွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုငွေ ရန်ပုံငွေ (၁၉.၂၅) ကျပ်သန်းဖြင့် တူးဖော်လျက်ရှိသည်။

ထိုသို့ စက်ရေတွင်းတူးဖော်နေမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ရုံးချုပ် မှ ဒေါက်တာ စိုးစိုးအုန်း ၊ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)