ကြို့ပင်ကောက်  ၁၆ ဇန်နဝါရီ 


ကြို့ပင်ကောက်မြို့နယ်တွင်မွေးဖွားခဲ့သော သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များတွေ့ဆုံပွဲကို ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းက မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင်များ တက်ရောက်ကြပြီး စာကြည့်တိုက်ဆောက်လုပ်ရန်အတွက် လက်ရှိအခြေအနေအထိ မြေနေရာ သတ်မှတ်ခြင်း၊ အလှူငွေများလက်ခံရရှိမှု နှင့်ဆက်လက်လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်များကို အဆောက်အဦပုံစံငယ် ဓာတ်ပုံများဖြင့် ရှင်လင်းဆွေးနွေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်ဆောက်လုပ်မှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ဟံသာဝတီဦးဝင်းတင်စာကြည့်တိုက်အတွက် အလှူငွေထည့်ဝင်လိုပါက ကော်မတီဥက္ကဌ ဒေါက်တာတင်ဝင်းအောင် ဖုန်း ဝ၉ ၄၂၉၃၃၂၂၂၆၊ အတွင်းရေးမှူး ကိုမင်းသူရအောင် ဖုန်း ဝ၉ ၅၃၇၄၆၆၄ နှင့် ဘဏ္ဍာရေးမှူး ဦးမြမင်း ဖုန်း ဝ၉ ၅၃၇၄၄၁၁ တို့ထံသို့ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်းသိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

 

mdn