ဗျူနိုအေးရိစ် မေ ၇
ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာများပြပြီးနောက် သေဆုံးခဲ့သော အပျော်စီးသင်္ဘောပေါ်ရှိ ဒတ်ချ်စုံတွဲသည် အဆိုပါအပျော်စီးသင်္ဘောပေါ်သို့ မတက်ရောက်မီ အာဂျင်တီးနားနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဟန်တာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရနိုင်သည်ဆိုသည့် ဖြစ်နိုင်ခြေများကို အာဂျင်တီးနား ကျန်းမာရေးအရာရှိများက စုံစမ်းစစ်ဆေးလျက်ရှိသည်။
အတ္တလန္တိတ်သမုဒ္ဒရာရေပြင်တွင် ခုတ်မောင်းနေသည့် ခရီးသည် ၁၅၀ ခန့်လိုက်ပါလာသော အပျော်စီးသင်္ဘောပေါ်တွင် အာဂျင်တီးနားဇနီးမောင်နှံနှင့် အခြားတစ်ဦးတို့ ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာဖြင့် သေဆုံးခဲ့သည်။ ယမန်နေ့အထိ ယင်းသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိသူ ရှစ်ဦးအထိရှိလာပြီဖြစ် သည်။
သေဆုံးခဲ့သည့် ဒတ်ချ်စုံတွဲသည် အာဂျင်တီးနားနိုင်ငံသို့ ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။ ၎င်းဇနီးမောင်နှံမှာ အာဂျင်တီးနားသို့မရောက်မီ ချီလီနှင့် ဥရုဂွေးနိုင်ငံများတွင်လည်း လည်ပတ်ခဲ့ကြသေးသည်။ ထို့နောက် ဧပြီ ၁ ရက်တွင် အာဂျင်တီးနားနိုင်ငံ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဥဆုအွိုင်းယားမြို့မှ အပျော်စီးသင်္ဘောပေါ်သို့ လိုက်ပါစီးနင်းခဲ့ခြင်းဖြစ်သည်။ ဟန်တာဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးနိုင်ရန်အတွက် အဆိုပါဇနီးမောင်နှံသွားရောက်လည်ပတ်ခဲ့သည့် အာဂျင်တီးနားနိုင်ငံရှိ နေရာများမှ ကြွက်များကို ဖမ်းဆီး၍ နမူနာများ ရယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အပျော်စီးသင်္ဘောပေါ်သို့မတက်ရောက်မီ ဒတ်ချ်စုံတွဲသည် ဥဆုအွိုင်းယားမြို့ရှိ ငှက်ကြည့်ခရီးစဉ်တစ်ခုအတွင်း ဟန်တာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရနိုင်သည်ဟု အာဂျင်တီးနားအရာရှိနှစ်ဦးက အဓိကယူဆထားကြောင်းကို ကိုးကား၍ Associated Press (AP) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါ ငှက်ကြည့်ခရီးစဉ်အတွင်း ထိုစုံတွဲသည် အမှိုက်များစွန့်ပစ်ထားသည့် အမှိုက်ပုံကြီးတစ်ခုသို့ သွားရောက်လေ့လာခဲ့ပြီး ယင်းနေရာရှိ ကြွက်များမှတစ်ဆင့် ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း အာဂျင်တီးနားအရာရှိနှစ်ဦးက AP သို့ ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


