၁၈ ဩဂုတ်
အမေရိကန် နည်းပညာ သုံးစွဲခွင့်ကို ပိတ်ပင်ရန် Huawei အပေါ် ကန့်သတ်မှုများ တိုးမြှင့်ချမှတ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဝါရှင်တန်သည် ကွန်ပျူတာ chips နှင့် အခြားသော အီလက်ထရောနစ် အစိတ်အပိုင်းများကို တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီးသို့ ရောင်းချမှုကို တားမြစ်ပိတ်ပင်ခဲ့သည်။
အမေရိကန် ကုမ္ပဏီ များသာမကပဲ အခြားနိုင်ငံမှ ကုမ္ပဏီများကပါ Huawei ကုမ္ပဏီကို semiconductors ရောင်းချခြင်း မပြုလုပ်ရန် မေလက ချမှတ်ခဲ့သော ကန့်သတ်ချက်များကို သက်တမ်းတိုးမြှင့်ခဲ့သည်။
ကန့်သတ်ချက် အသစ်များသည် အမေရိကန် နည်းပညာကို အသုံးပြုသည့် နိုင်ငံခြားလုပ် chips နှင့် အစိတ်အပိုင်းများ ရောင်းချခြင်းကို တားဆီးမည် ဖြစ်သည်။
ဉရောပ၊ တောင်အမေရိကနှင့် အခြားဒေသများရှိ Huawei လက်အောက်ခံ ကုမ္ပဏီလုပ်ငန်း ၃၈ ခုကိုလည်း အမည်မည့်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာနက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို