နေပြည်တော် ၄ ဇွန်

ယနေ့ည ၇ နာရီ ၅၇ မိနစ်ခန့်တွင် ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက် (၁၁)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၅ ဒသမ ဝ၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၈၃) ဒီဂရီ၊ အနက် (၅၉)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN