နေပြည်တော် ၃၀ ဇူလိုင်

ယနေ့ ည ၇ နာရီ ၁၆ မိနစ်တွင် ဟုမ္မလင်းမြို့၏ အရှေ့ဘက် (၂၃) မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၇)ဒီဂရီ၊ အနက် (၇၆) ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN