ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား အနည်းငယ် ငလျင်လှုပ်

နေပြည်တော် ၂၂ မေ

ယနေ့ ည ၇ နာရီ ၂၅ မိနစ်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၆)မိုင် ခန့်ကွာဝေးသော ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၉၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၃) ဒီဂရီ၊ အနက် (၈၇)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN