ဟုမ္မလင်း၊  ဇန်နဝါရီ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်း သူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

 

ဦးစွာ  ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားဝင်းရှေ့တွင် ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများစုဝေးကြပြီး  ဟုမ္မလင်းဗျူဟာလမ်းမှတစ်ဆင့် အင်းဖြတ်လမ်းမှ မြို့တွင်းသို့ ငြိမ်းချမ်းစွာစီတန်း လှည့်လည်၍ ဘာသာအကျိုးတို့ သယ်ပိုး၊ မိစ္ဆာဟူသမျှရှင်းလင်းကြ၊ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်အထွဋ်အမြတ် ထားရာ ဘုရားဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ၊ အမျိုးဘာသာ သာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိစသည့် ကြွေးကြော်သံ များကြွေးကြော်ကာ အဆိုပါစာသားပါဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ၊ သာသနာ့ အလံများကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြပြီး ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်ရှိ ဆုတောင်း ပြည့်စေတီတော်ဘုရားဝင်းတွင် စုဝေး၍ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့်အကြမ်းဖက် သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာမျာအား ကန့်ကွက်ရှုတ်ချကြောင်း ဟောပြော၍ ကန့်ကွက်ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။                                                                                  

ဟုမ္မလင်း(ပြန်/ဆက်)