ဟုမ္မလင်း သြဂုတ်၂၂

ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲ တိုင်းတာချက်များအရ ဟုမ္မလင်းမြို့၏ စိုးရိမ်အမှတ် ၂၉၀၀ စင်တီမီတာအထက် ကျော်လွန်ပြီး  ၂၉၁၅ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

 

ဟုမ္မလင်းမြို့နယ်တွင် သြဂုတ်လ ဒုတိယအပတ်မှစ၍ မိုးအဆက်မပြတ်ရွာသွန်း​မှုကြောင့် မိုးရေနှင့် အင်းရေ ပေါင်းစပ်ပြီး မြေနိမ့်ပိုင်းရှိ ကွက်သစ်ရပ်ကွက် အိမ်ထောင်စုအချို့တွင် မိုးရေဝင်ရောက်နေသော်လည်း ဟုမ္မလင်းမြို့တွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

 

ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ချင်းတွင်းမြစ်ကမ်းအနီးရှိ ကျေးရွာများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် နေ့စဉ် သတိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ချန်လော (ဟုမ္မလင်း)