ဟုမ္မလင်း ၂၇  သြဂုတ်

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား နာဂရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို သြဂုတ် ၂၆ ရက် ညနေ ၅ နာရီက ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းနာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ဟုမ္မလင်းမြို့ပေါ်ရှိ နာဂတိုင်းရင်းသားများမှ မိမိတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ မကူရီ အမျိုးသား အမျိုးသမီးအက၊ တန်ကွန်အမျိုးသား အမျိုးသမီးအက၊ နာဂမူကြိုကလေးငယ်များ၏ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

 

ပြည်ပခရီးသွား နိုင်ငံခြားသားများသည် ဟုမ္မလင်းမြို့ပေါ် နာဂတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုများ၊ အမွေအနှစ်များကို လေ့လာသိရှိလိုသောကြောင့် လာရောက်လည်ပတ်ကြပြီး လာမည့် စက်တင်ဘာ ၉၊ ၁၄၊ ၂၃ ရက်များတွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

 

(လင်းလင်း ပြန်/ဆက်)