ဟုမ္မလင်း ၂၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် အတွင်းရှိ မသန်စွမ်းသူ ၁၄၇၆ ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကို ယနေ့ နံနက်ပိုင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ကာလဆိုတော့ အချို့ကျေးရွာတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်းပြီး ရပ်ကျေးစာရေး/အုပ်ချုပ်ရေးမှူး တို့မှတစ်ဆင့် ထောက်ပံ့ပေးတယ် မြို့ပေါ် ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများကို အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပင်ရီတာ ကပြောသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီစဉ်အရ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ချန်လော ဟုမ္မလင်း