ဟုမ္မလင်း ၁၅ အောက်တိုဘာ
ဟုမ္မလင်းမြို့ပေါ်တွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဝင်္ကပါပတ်သူများ၊ ဘုရားဖူးသူများသည် သီတင်းကျွတ် ရုံးပိတ်ရက်များဖြစ်သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်ညအထိ ဘုရားဖူးသူများ၊ ဝင်္ကပါပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
ဟုမ္မလင်းမြို့ အထင်ကရ ဗုဒ္ဓဝင်ဥယျာဉ်တော်နှင့် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး စသည့် နေရာများတွင် နှစ်စဉ်နှစ်တိုင်း ဆီမီးထွန်းခြင်း၊ ဝင်္ကပါပတ်ခြင်း၊ ဘုရားဖူးသူများ စည်ကားလျက်ရှိကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


