ဟုမ္မလင်း  ၅   မေ

 

မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို မေ(၅)ရက် နံနက်(၈)နာရီက ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေဠုမောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၈)ဦးက ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဇီဝိတဒါန စုပေါင်း သွေးလှူဒါန်းခဲ့ကြသသည်။

 

ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံအတွင်း အခြားရောဂါများဖြင့် တက်ရောက်ဆေးကုသမှု ခံယူနေကြသည့်လူနာများ၊ အရေးပေါ် သွေးလိုအပ်သည့် လူနာများကို ရည်ရွယ်၍ ဇီဝတဒါန စုပေါင်း သွေးလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)