ဟုမ္မလင်း ဖေဖော်ဝါရီ ၈
ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအလှပြုပြင်သင်တန်းတွင် ထူးချွန်ဆုရရှိသူများ၊ ပညာသင် ကြားပေးသော ဆရာမ ဒေါ်နန်းမိုးလွင်အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးပြီး သင်တန်းဆင်းဂုဏ်ပြုမှတ်လွှာများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အလှပြုပြင်သင်တန်းကို သင်တန်းသူ (၁၉) ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီလ (၂၅)ရက်နေ့မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်း(ပြန်/ဆက်)