ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြုထားသော ဟူသီသူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ဆော်ဒီအာရေဗျက ပြောကြားခဲ့သည်။

အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျ၏ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုတို့ကြား တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ထိုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်နိုင်ငံလုပ် ဒုံးကျည်နှစ်စင်းကို ဟန့်တားခဲ့ကြောင်း အမေရိကန်နိုင်ငံရှိ ဆော်ဒီအာရေဗျသံရုံးက တနင်္လာနေ့က တွစ်တာတွင် ရေးသားခဲ့သည်။

တနင်္လာနေ့နံနက်က ဒုံးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးကျည်တစ်စင်းမှာ အစ္စလာမ်ဘာသာဝင်များ၏ သန့်ရှင်းသောနေရာ  မက္ကာကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြုထားသည့် အယ်လ်အာရေဗျတီဗွီက ထုတ်လွင့်ပြသခဲ့သည်။

 

mdn

 

အဆိုပါတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဟူသီတို့က ငြင်းဆိုခဲ့ကြသည်။ အဆိုပါ အုပ်စုသည် ပြီးခဲ့သည့်အပတ် အစောပိုင်းက ဆော်ဒီရေနံပိုက်လိုင်းကို မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဟု ပြောကြားခဲ့သည်။ ရေနံပိုက်လိုင်းတိုက်ခိုက်မှုတွင် အီရန်နိုင်ငံ ပါဝင်သည်ဟု ဆော်ဒီအာရေးဘီးယားနိုင်ငံက သံသယရှိလျက်ရှိသည်။

ယီမင်နိုင်ငံ၌ဖြစ်ပွားနေသည့် ရှည်လားသော ပြည်တွင်းစစ်အတွင်း ဆော်ဒီအာရေဗျဦးဆောင်သည့် ညွှန့်ပေါင်း အဖွဲ့က အီရန်နိုင်ငံကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များကို တိုက်ခိုက်လျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်