ဆာနား ဖေဖော်ဝါရီ ၄
ကုလသမဂ္ဂက ယီမင်နိုင်ငံ ဆာနားမြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေယာဉ်များပြေးဆွဲမှုကို ဖေဖော်ဝါရီလအတွင်း မှစတင်၍ ပြန်လည်ပြုလုပ်သွားမည်ဟု ဖေဖော်ဝါရီ ၄ ရက် တွင် ပြောသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေယာဉ်ပြေးဆွဲမှုကို တစ်လကြာရပ်နားထားပြီးနောက် ဟူသီတို့၏ ခွင့်ပြုချက်ဖြင့် ယခုလို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို ဆာနားမြို့များသို့ ဝင်ထွက်ခွင့်ပြုခြင်းဖြစ်သည်ဟု ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှူး ဂျူလီယန်ဟာနစ်က ပြောသည်။ ဟူသီတို့ ထိန်းချုပ်မှုအောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ခွင့်ပြုမှုလည်းဖြစ်သည်။
ယီမင်နိုင်ငံသည် ဆယ်စုနှစ်တစ်စုကြာ ပြည်တွင်းပဋိပက္ခကြောင့် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ ၂၀၁၄ ခုနှစ်က ဟူသီများသည် မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့ပြီး အေဒင်အခြေစိုက် နိုင်ငံတကာကအသိအမှတ်ပြုထားသည့် အစိုးရနှင့် ကာလရှည်ကြာ တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။
ဆင်ဟွာ


