ပရီမီယာလိဂ် ပွဲစဉ်(၂၆)ရဲ့ ဖေဖော်ဝါရီ ၁၉ ရက် အကောင်းဆုံးနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ စပါးအသင်း တို့ပွဲစဉ်မှာ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နောက်ကျသွင်းဂိုးနဲ့ မန်စီးတီး အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ စပါး အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၄ မိနစ်မှာ ကူလူဆက်စကီး ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၃၃ မိနစ်မှာ မန်စီးတီးအသင်းက ဂန်ဒိုဂန်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

 

စပါးအသင်းဟာ ပွဲကစားချိန် ၅၉ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုးထပ်မံရရှိခဲ့ပြီး မန်စီးတီးအသင်း ကတော့ ပွဲကစားချိန် ၉၂ မိနစ်မှာ ရရှိခဲ့တဲ့ မာရက်ဇ်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ် နေချိန်မှာပဲ ပွဲကစားချိန် ၉၅ မိနစ်မှာ တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ သွင်းဂိုးထပ်မံရရှိခဲ့တာကြောင့် စပါးအသင်းက မန်စီးတီး အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

စပါးအသင်းဟာ အခုပွဲစဉ်မတိုင်မီ ပရီမီယာလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းကတော့ အခုပွဲစဉ်မတိုင်မီ ကစားခဲ့တဲ့ ပရီမီယာလိဂ်ငါးပွဲမှာ လေးပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။  

 

စပါးအသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ၂၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၃၉ ( မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ခုနှစ်နေရာမှာ ရပ်တည်နေပြီး မန်စီးတီးအသင်းကတော့ ပရီမီယာလိဂ်၂၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၆၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်