နေပြည်တော် ၂၈ ဇန်နဝါရီ 

ICJ ၏ ကြားဖြတ် စီမံဆောင်ရွက်ချက် ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဆိုပါ အစီအစဉ်သို့ တက်ရောက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ ဥပဒေရေးရာအကြံပေး(မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်) ဦးကျော်တင်နှင့် ဦးကိုကို(စက်မှုတက္ကသိုလ်) တို့၏ အတွေ့အကြုံ ရှင်းလင်းသည့် စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံ ရေဒီယိုနှင့် MRTV Facebook Page တို့၌ ဇန်နဝါရီ ၂၈ ရက် ယနေ့ည ၈ နာရီ မိုးလေဝသ သတင်းအပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်