ICJ ၏ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

သတင်းအဖွဲ့

          ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) တရားစွဲဆို လျောက်ထားမှုကို ဇန်နဝါရီ ၂၃ ရက်တွင် ကြားဖြတ် စီမံဆောင်ရွက်ချက် (Provisional Measures) အဖြစ် အချက် () ချက်ချမှတ်ခဲ့သည်။

          အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားမှ ICJ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေအကြုံများ စကား ဝိုင်းကို ထုတ်လွှင့်ခဲ့သည်။

          ယင်းစကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆောင်ရွက်ပြီး ICJ တွင် ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ တက် ရောက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး (အဖွဲ့ဝင်၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့) နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) ဝါရှင်တန်ဒီစီအခြေစိုက် Law Firm တွင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ၊ ဥပဒေရေးရာအကြံပေး အဖွဲ့ဝင် ဦးကျော်တင် (အဖွဲ့ဝင်၊ မြန်မာကိုယ်စား လှယ်အဖွဲ့) တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

          ICJ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေအကြုံများ စကားဝိုင်း တွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြလိုက်ပါသည် -

 

(ယမန်နေ့မှ အဆက်)

1245

ဦးကိုကို       ဒီချမှတ်ခဲ့တဲ့ Provisional Measures အနေနဲ့          ဆက်စပ်ပြီး ပြောဆိုနေတာ တွေကို ကျွန်တော် ကြားပါတယ်။ ဘာပြောသလဲဆိုတော့ အဲဒီလိုမျိုးလုပ်လိုက်တဲ့အတွက် ကြောင့် ဥပမာ ကျွန်တော်တို့က လိုအပ်လာလို့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ ဆောင်ရွက်ရ မယ့် ကိစ္စတွေရှိလာမယ်။ နောက်ပြီး ARSA ကဲ့သို့သော အကြမ်းဖက်ကိစ္စတွေကို တုန့်ပြန် ရမယ့် ကိစ္စတွေရှိလာရင် Provisional Measures တွေ လိုက်နာရတဲ့အတွက်ကြောင့် ဘာမှ လုပ်လို့ မရတော့ဘူး၊ ဒို့ခြေထောက်တွေကို ဒို့ချုပ်လိုက်သလိုဖြစ်တယ်ဆိုပြီး ပြောဆိုသုံးသပ် နေတာလည်း ရှိပါတယ်။ ဘာမှလုပ်လို့ မရဘူး၊ သူတို့လုပ်သမျှ ဒို့က ခံလိုက်ဆိုပြီး ပြောတာ တွေ ရှိပါတယ်။ အဲဒါတွေနဲ့ ဆက်စပ်ပြီး ဆရာဦးချမ်းအေးက အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဆရာရဲ့ ယူဆချက်လေးနဲ့ ဆွေးနွေး သုံးသပ်ပေးပါဦးခင်ဗျာ။

124569

ဦးချမ်းအေး                    ဟုတ်ကဲ့၊ အဲဒါတွေက မမှန်ပါဘူး။ ဒီဟာတွေက သတင်းမှား ပေးသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Genocide Convention အပါအဝင် နိုင်ငံတကာ စာချုပ် တော်တော်များများရဲ့ အကျုံးဝင်မှုက သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေတင် မကဘူး။ အဲဒီမှာရှိတဲ့ နေထိုင်တဲ့ လူတွေအားလုံးအပေါ်မှာ အကျုံးဝင်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာ နိုင်ငံက အစိုးရကလည်း သူတို့အပေါ်မှာ အကာအကွယ်ပေးဖို့၊ နိုင်ငံသားတင် မကဘူး၊ နေထိုင်တဲ့သူတွေအားလုံးကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။

          တစ်ဖက်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ မိမိအချုပ်အခြာအာဏာကို ကာကွယ်တာ အပါအဝင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကိစ္စတွေကို ဆောင်ရွက်ခွင့်ရှိပါ တယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်ရှိပါတယ်။ ခုနကတုန်းက မိမိ ကိုယ်တိုင် လိုလိုလားလားနဲ့ ပါဝင်ထားတဲ့ စာချုပ်၊ နိုင်ငံတကာစာချုပ်တွေမှာလည်း လိုက်နာရမယ့်တာဝန်တွေရှိတယ်ဆိုတော့ ဒီဟာနှစ်ခုက မျှမျှတတ သွားနေတာပါ။ ဒီနေရာ မှာ Provisional Measures ကို ခုနတုန်းကပြောတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ရဲ့ နိုင်ငံကို ကာကွယ်ဖို့အတွက်၊ ပြည်သူတွေကို ကာကွယ်ဖို့အတွက် မလုပ်ရဘူးဆိုတာ တစ်ချက်မှ မပါပါဘူး။ ဒါကြောင့် ARSA အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တရား ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပိုင်ခွင့်တွေ ရှိပါတယ်။ ဒါကြောင့် ခုနကတုန်းက သတင်း မှားပေးတဲ့ပုံစံတွေကို တွေ့ရပါတယ်။

78954

ဦးကျော်တင့်ဆွေ             အဲဒါနဲ့ ပတ်သက်လို့ သတင်းမှားပေးတာ၊ ရည်ရွယ်ချက်မရှိဘဲနဲ့ သတင်းမှားကို ပြောမိတယ်ဆိုရင် ပြန်လေ့လာပြီး ဒါမျိုးကို မပြောကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုရင်လည်း ဒါလုံး၀ ပြောသင့်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာ ကို ကျွန်တော့်အနေနဲ့ သုံးသပ်တင်ပြချင်ပါတယ်။ ဘယ်နိုင်ငံကမှ ကိုယ့်ရဲ့ အချုပ်အခြာ အာဏာအရ ကိုယ့်ပြည်သူကို ကာကွယ်ရမယ့် အချက်တွေကို မလုပ်ရဘူးလို့ ဘယ်နိုင်ငံကို ပြောလို့ရမလဲ၊ အဲဒီအချက်တွေပါတဲ့  စာချုပ်မျိုးဆိုရင် နိုင်ငံတကာက ဘယ်နိုင်ငံကမှ ဝင်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် ပြည်သူတွေကို မလိုလားဘဲနဲ့ မမှန်ကန်တဲ့ အချက်တွေနဲ့ ကြောက်လန့် အောင် လုပ်မယ်ဆိုရင် အစိုးရကို ထိခိုက်မှာ မဟုတ်ပါဘူး။ တပ်မတော်ကို ထိခိုက်မှာ မဟုတ်ဘူး။ တကယ် ထိခိုက်မယ့်ကိစ္စက နိုင်ငံကို ထိခိုက်မှာပါ။ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောသည်ဖြစ်စေ၊ ဒီကိစ္စဟာ သစ္စာရှိတဲ့ ပြည်သူပြည်သား တစ်ယောက်အနေနဲ့ မလုပ်ဆောင် ရမယ့်ကိစ္စ ဖြစ်ပါတယ်။ စေတနာမှန်မှန်နဲ့ မှားတယ်ဆိုရင်လည်း မမှားအောင် ပြန်ပြီး လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။ ရည်ရွယ်ချက်နဲ့ ပြောတာမျိုးဆိုရင် မပြောသင့်ပါ ဘူးဆိုတာကို ကျွန်တော်အနေနဲ့ အလေးအနက်ထားပြီး တိုက်တွန်းပါတယ်။

ဦးကိုကို       ကျွန်တော်တို့ ဆွေးနွေးပွဲက တော်တော် ပြည့်ပြည့်စုံစုံလေးဖြစ်သွားတော့ နောက်ဆုံးအနေနဲ့ ဆရာမဒေါက်တာဒေါ်သီတာဦးက အခုဆွေးနွေးတာတွေအပြင် ဆရာမ အနေနဲ့ သီးခြားပြောစရာရှိရင်လည်း ပြောပေးပါ၊ သတင်းအချက်အလက် ပေးစရာရှိတာ လည်း ပေးပါ။

45621

ဒေါက်တာသီတာဦး         ကျွန်မတို့ကို ကြားဖြတ်စီမံဆောင်ရွက်ချက်ချမှတ်ခဲ့တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက် တစ်ပိုဒ်ထဲ တင်မကပါဘူး။  တစ်ပိုဒ်ထက်ပိုပြီး အဓိက ဖော်ပြထားတာက Provisional Measures ချမှတ်ခြင်းဟာ နောင်တကယ်ရင်ဆိုင်မယ့် အမှုရဲ့ စီရင်ပိုင်ခွင့် ရှိခြင်း/ မရှိခြင်း၊ Genocide ကျူးလွန်မှု ရှိခြင်း/မရှိခြင်း၊ နောက်ပြီး တရားရုံးက လက်ခံ ဆောင်ရွက်ပိုင်ခွင့် ရှိခြင်း/မရှိခြင်း၊ ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြင်သုံးသပ်ချက်တွေနဲ့ မဆိုင်ဘူး။ ဒါတွေကို PreJudge လုပ်တာ မဟုတ်ဘူး။  Provisional Measures  ချတာက အထူးသဖြင့် အပိုဒ် ၈၅ မှာ ဖော်ပြထားပါတယ်။ ဒါလေးကို အားလုံးကသိထားပြီး အခုနက ပြည်ထောင်စုဝန်ကြီး အမိန့်ရှိသလို နိုင်ငံနဲ့ Genocide ဆိုတဲ့ နာမည်ကြီးတွဲပြီး သမိုင်းမှာ တင်ကျန်မရစ်ခဲ့ဖို့က ကျွန်မတို့အားလုံးရဲ့ အဓိက အရေးကြီးတဲ့ အချက်ပါ။

          ဒါကို ကျွန်မတို့က တူညီတဲ့ရည်ရွယ်ချက်နဲ့ တစ်ယောက်နဲ့ တစ်ယောက်လည်း ဝိဝါဒ မကွဲပြားဘဲနဲ့ ပူးပေါင်းပြီး ဒီအချက်ကို သမိုင်းမှာ တွင်မကျန်ရစ်ခဲ့ရအောင် ကြိုးစားဖို့ အဓိက တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ ဥပဒေသမားတွေက စာဖတ်ရင် စာတစ်လုံး ချင်း၊ တစ်ကြောင်းချင်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရဲ့ အတိမ်အနက်ကို ဖတ်တတ်ပါတယ်။ Provisional Measures ချတဲ့ ချက်ရဲ့ တစ်လုံးချင်း၊ တစ်ကြောင်းချင်းကို ဖတ်ကြည့်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။

          ဘာဖြစ်လို့လဲဆိုတော့ အဲဒီတစ်ကြောင်းချင်း၊ တစ်လုံးချင်းဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးထားခြင်း မရှိပါဘူး။ လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေကို Convention ပါ တာဝန်ရှိမှုတွေကို လိုက်နာဆောင်ရွက်ပါလို့ တိုက်တွန်းထားတာကို ကျွန်မတို့က လိုက်နာ ဆောင်ရွက်မှုတွေ၊ လိုက်နာဆောင်ရွက်ဖို့ လိုတာတွေကို ပေထက်အက္ခရာတင်ပြီး  တရားဝင် တင်ပြဖို့ဆိုတဲ့ အဓိပ္ပါယ်ပဲ တွေ့ရပါတယ်။ အဲဒါကို ပြည်သူတွေကိုရော အားလုံးကို ကျွန်မက လေးလေးနက်နက် တိုက်တွန်းချင်တာရှိပါတယ်။ ကျွန်မတို့အနေနဲ့ ပြည်သူက ပူးပေါင်းပါဝင် ရမယ်ဆိုတဲ့ ကိစ္စတွေက တစ်ယောက်နဲ့ တစ်ယောက် မလိုမုန်းထားတာတွေ၊  တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးပွားစေမယ့် အတိုက်အခံ စကားလုံးတွေ၊ လူမှုကွန်ရက်တွေမှာ ပြောဆို ခြင်းမရှိဘဲနဲ့ အားလုံးက ပူးပေါင်းပြီး ကျွန်မတို့ရဲ့ တူညီတဲ့ ရည်ရွယ်ချက်ကို သွားကြရအောင် လို့ ကျွန်မအနေနဲ့ ပြည်သူကို တိုက်တွန်းချင်ပါတယ်။

 

ဦးကိုကို                ဆရာမပြောတာ Provisional Measures ချမှတ်လိုက်ခြင်းကိစ္စက Main Case နဲ့ ဘာမှမဆိုင်ဘူး။ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ စကားလုံးအရ မတူဘူး။ ကျွန်တော် အဲဒီနေ့က Live ကို နားထောင်တော့ ဒီဟာကိုဖတ်ပြတဲ့ ဥက္ကဋ္ဌက နှစ် နေရာ၊ သုံး နေရာ လောက်ကို ထပ်ခါတစ်လဲလဲ ပြန်ပြောသွားတာကို ကြားလိုက်ပါတယ်။

ဒေါက်တာသီတာဦး         ဟုတ်ပါတယ်ရှင့်။ တစ်ပိုဒ်ထက် ပိုပြီး ပြောသွားပါတယ်။

ဦးကိုကို       ဆရာဦးကျော်တင်အနေနဲ့ ဘာများထပ်ပြီး ဆွေးနွေးချင်ပါသလဲ။

47512

ဦးကျော်တင်         ကျွန်တော် နောက်ဆုံးအနေနဲ့ ပြောချင်တာက အခုတစ်လော Online မှာ တွေ့မိပါတယ်။ သတင်းအချက်အလက်တွေကို မှားပြောတာတို့၊ အလွဲသုံးလိုက်တာတို့၊ ဘာတို့ ကျွန်တော် တွေ့မိပါတယ်။ အခုပြောနေတဲ့ကိစ္စတွေက ဥပဒေပညာရှင်တွေပြောတာ ကို ကျွန်တော်တို့ မှီခိုပြီးပြောတာပါ။  ကျွန်တော်တို့ရဲ့ အယူအဆကို ပြောတာမဟုတ်ပါဘူး။ သူတို့က တကယ့်ပညာရှင်တွေပါ။ ကျွန်တော် ပြောသလိုပဲ နှစ်(၇၀)ကျော် ICJ က ထူထောင် ထားတယ်။ ဒီကိစ္စ ဖြစ်မှ စပြီးဖတ်တဲ့ သူအနေနဲ့ မသိနိုင်ပါဘူး။ ပညာရှင်တွေက နှစ်(၂၀) နှစ်(၃၀) နေနေ့၊ ညည လေ့လာပြီး သုံးသပ်ထားတာကို မှီခိုပြီး Talk Show တွေမှာ ကျွန်တော်တို့က အဲဒီ Information အရ ပြောကြပါတယ်။ ဒါကြောင့် ပြည်သူလူထုကို မေတ္တာ ရပ်ခံချင်တာက Online မှာတွေ့တာတွေကိုလည်း သေသေချာချာ သုံးသပ်ပြီးမှ ဒါကို ယုံကြည်စိတ်ချစွာ Trust လုပ်ပါဆိုပြီး မေတ္တာရပ်ခံချင်ပါတယ်။

ဦးကိုကို       ဆရာဦးချမ်းအေးရော ထပ်ပြီးဆွေးနွေးစရာ ရှိပါသလားခင်ဗျာ။ 

ဦးချမ်းအေး                    ဒီကိစ္စက နိုင်ငံကို ဦးတည်ပြီးစွဲတဲ့ ကိစ္စပါ။ အဲဒါကြောင့် နိုင်ငံ ကိုယ်စား အစိုးရကလည်း Genocide မရှိခဲ့ပါဘူး။ မဖြစ်ခဲ့ပါဘူး ဆိုတာကို   ခုခံချေပပြီး၊ ရင်ဆိုင်ပြီး ဖြေရှင်းနေတာပါ။ ဖြေရှင်းတဲ့အခါမှာ ပြည်သူကလည်း ထောက်ခံဖို့ဆိုပြီး ပြောတဲ့ အပေါ်မှာ တချို့က ဝေဖန်တာတွေ တွေ့ရပါတယ်။ ဘယ်လိုဝေဖန်လဲဆိုတော့ ပြည်သူက အစိုးရကို မျက်စိမှိတ်ပြီး ထောက်ခံရမလား။ ပြည်သူက အမှန်တရားဘက်ကပဲ ရပ်တည်သင့် တာပေါ့ဆိုပြီး ဝေဖန်တာတွေ ကြားရပါတယ်။

အစိုးရကလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့၊ တရားမျှတမှုရှိဖို့ဆိုပြီး အကြီးအကဲတွေက ပြောဆိုနေတာတွေ ရှိပါတယ်။ ပြီးတော့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် တွေ့မယ်။ ဥပမာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ခဲ့တာကိုကြည့်ရင် တွေ့မယ်။ ရည်ရွယ်ချက်ကို ကြည့်ရင်တွေ့မယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထွက်ရှိလာတဲ့ အစီရင်ခံစာအပေါ်မှာ အစိုးရရဲ့ ရပ်တည်ချက် သဘောထားတွေ ကြည့်ရင်လည်း တွေ့မယ်။ အစိုးရက ပြည်တွင်း အစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာ မယုံကြည်မှုတွေ၊ လက်မခံတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာရဲ့ ဖိအားနဲ့ စွက်ဖက်ပြီး ဆောင်ရွက်ဖို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော် ပြောချင်တဲ့သဘောက ပြည်သူတွေလိုမျိုး အစိုးရကလည်း တရားမျှတမှုနဲ့ မှန်ကန်မှုကို ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူတွေ သဘောပေါက်ဖို့လိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း  ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ထားတာရှိပါ တယ်။ ဒီကိစ္စကို ဆောင်ရွက်တဲ့အခါမှာ မည့်သည့် နိုင်ငံ၊ မည့်သည့် လူမျိုး၊ မည်သည့် ဘာသာ၊ မည်သည့် လူမှုအဖွဲ့အစည်းကို ဦးတည်ပြီး ထိခိုက်စေတဲ့ပုံစံမျိုးနဲ့ မဆောင်ရွက်ဘူး။ ပြည်သူ တွေကိုလည်း အဲဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားတာတွေ ရှိပါတယ်။ ဒါတွေကို ပြည်သူတွေ သဘောပေါက်ဖို့ ဒီမှာထပ်လောင်းပြီး ကျွန်တော် ပြောကြားလိုပါတယ်။

ဦးကိုကို       ပြည်ထောင်စုဝန်ကြီးကလည်း ပြည်သူတွေကို ကျွန်တော်တို့ စကားဝိုင်းရဲ့ အနှစ်ချုပ်အနေနဲ့ ဘယ်လိုသတင်းအချက်အလက်များ ပေးချင်ပါသလဲ။ ပြည်သူတွေက သိချင်နေပါတယ်။ ဒါကိုသိပြီး ဘာတွေဆက်လုပ်ရမလဲဆိုတာကို ဆက်စပ်ပြီး အဆုံးသတ် ပေးပါခင်ဗျာ။

ဦးကျော်တင့်ဆွေ             ပြည်သူတွေကို တင်ပြချင်တာက ကျွန်တော်တို့အနေနဲ့ ဒီအမှုမှာ Genocide လုံး၀ဖြစ်ပေါ်ခဲ့ခြင်း မရှိဘူး။ မရှိတဲ့ကိစ္စကို သက်သေအထောက်အထားနဲ့အတူ ကျွန်တော်တို့အနေနဲ့ တင်ပြဖို့လိုပါတယ်။ တင်ပြဖို့လိုတဲ့အခါမှာ ကမ္ဘာက ဒီကိစ္စနဲ့ပတ်သက် လို့ အတော်ဆုံးဆိုတဲ့ ဥပဒေပညာရှင်တွေကို ကျွန်တော်တို့ ငှားထားပါတယ်။ သူတို့က ဘာကြောင့် ဒီကိစ္စကို လက်ခံသလဲဆိုတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့အနေနဲ့ Genocide ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ခံယူတဲ့အတွက် ဒီအမှုကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

          ကျွန်တော်တို့ရဲ့ ရှေ့နေတွေကို ကြည့်မယ်ဆိုရင် တကယ့်ကမ္ဘာ့မှာ အတော်ဆုံးရှေ့နေ တွေ ဖြစ်ပါတယ်။ အားလုံးက တော်ပါတယ်။ သို့သော် နှစ်ယောက်လောက်ကို မီးမောင်းထိုး ပြီး ပြောချင်ပါတယ်။ တစ်ယောက်က Professor Schabas ပါ။ Genocide   နဲ့ပတ်သက်ပြီး အတတ်ဆုံး၊ အတော်ဆုံးပုဂ္ဂိုလ်လို့ ကမ္ဘာက အသိအမှတ်ပြုထားခြင်း ခံရပါတယ်။   နောက် တစ်ယောက်က Professor Zimmermann ဖြစ်ပါတယ်။ Professor Zimmermann က ICJ နဲ့ ပတ်သက်ပြီး လူတိုင်း ကိုးကားနေရတဲ့ ဥပဒေစာအုပ်ကို ရေးသားထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါ တယ်။

တစ်ဖက်က ရှေ့နေတော်ရုံနဲ့ လုံလောက်ပြီလား မလုံလောက်ပါဘူး။ ပြည်တွင်းမှာ တကယ့်ကို Genocide မရှိဘူးဆိုတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ရဲ့ ရှေ့နေတွေကို ပံ့ပိုးပေးဖို့ လိုပါတယ်။ ပြည်တွင်းက အဲဒီလိုပံ့ပိုးပေးတဲ့နေရာမှာ ကျွန်တော်တို့အားလုံးက ညီညီညွတ်ညွတ်နဲ့ မည်သည့် အဖွဲ့အစည်း၊ မည်သည့် နိုင်ငံရေးပါတီ၊ မည်သည့် ပုဂ္ဂိုလ်ကိုမှ ထိခိုက်အောင် မပြုလုပ်ဘဲ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ပြည်သူကို တင်ပြချင်တာကလည်း ဆရာဦးကိုကိုနဲ့ စကားဝိုင်း မတိုင်ခင် ဆွေးနွေးတဲ့ အခါမှာ ဆရာဦးကိုကိုက ပြောပါတယ်။ ပြည်သူတွေက မေးပါတယ်။ ပြည်သူက ပူးပေါင်းပါ ဆိုတော့ ပူးပေါင်းချင်ပါတယ်။ ဘယ်လို ပူးပေါင်းပေးရမလဲ။ () ကျွန်တော်တို့အနေနဲ့ ဦးကျော်တင် ပြောထားသလို ဆိုရှယ်မီဒီယာမှာ ပါတဲ့အချက်တွေ၊  ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အချက်တွေကို ချင့်ချိန်ပြီး ယုံကြပါ။ ကျွန်တော်တို့က အမှန်အတိုင်း ပြည်သူကို တင်ပြမှာ ဖြစ်ပါတယ်။   ကျွန်တော်တို့ တင်ပြချက်တွေက ဥပဒေကြောင်းအရ စိတ်ကူးထဲမှာ ရှိတာတွေကို တင်ပြခြင်း မဟုတ်ပါဘူး။ ကမ္ဘာမှာ အတော်ဆုံးဆိုတဲ့ ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်ကို မှီငြမ်းပြီးတင်ပြခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံ့အရေးကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ မေတ္တာနဲ့ သစ္စာနဲ့ ဆောင်ရွက်ပါတယ်လို့ ပြောလေ့ရှိပါတယ်။ အခုဒီကိစ္စမှာ ပြည်သူပြည်သားတွေ အားလုံး အပေါ်မှာ  မေတ္တာထားပြီး သစ္စာနဲ့အမှန်ကို အမှန်အတိုင်း ပြောပါမယ်ဆိုတာကို ကတိကဝတ် ပြုခြင်းနဲ့ ကျွန်တော် ပြောချင်တာလေးကို ဒီမှာ နိဂုံးချုပ်ပါတယ်။

ဦးကိုကို အားလုံးကို ကျေးဇူးတင်ပါတယ်။ စကားဝိုင်းက အဆုံးသတ်ဖို့ အချိန်ရောက်ပါ ပြီ။ ပြောဆိုဆွေးနွေးခဲ့တာတွေအားလုံး ပြည်ထောင်စုဝန်ကြီး အပါအဝင် ဆရာဆရာမတို့ ပြောဆိုဆွေးနွေးခဲ့ကြတာတွေ နဲ့ပတ်သက်ပြီး ကျွန်တော် Conclusion ပြောချင်ပါတယ်။

နံပါတ်တစ်က ကျွန်တော်တို့ကို ချမှတ်ခဲ့တဲ့ Provisional Measures တွေက အသစ် တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က Genocide Convention ကို ဝင်တဲ့အချိန်ကတည်းက ဒါတွေ၊ ဒါတွေ ဆောင်ရွက်ပါ့မယ်လို့ သဘောတူထားတဲ့ အချက်အလက်တွေကို ထပ်မံပြီး ပါဝင်ခြင်းသာ ဖြစ်ပါတယ်ဆိုတဲ့ အချက် တစ်ချက်ကို ရရှိလိုက်ပါတယ်။

နံပါတ် နှစ်က တချို့လူတွေ စိတ်ပူနေတာတွေ နဲ့ပတ်သက်ပြီး ဒို့တစ်တွေရဲ့ အချုပ် အခြာ အာဏာထိပါးတယ်။ ဒါသည် ဒုက္ခရောက်နိုင်တယ်ဆိုတဲ့အချက် Provisional Measures မှာ အချုပ်အခြာအာဏာ ထိပါးစေတဲ့ကိစ္စတွေ လုံးဝမပါပါဘူးဆိုတဲ့ အချက်တွေရရှိပါတယ်။

နံပါတ် သုံးက ကိုယ့်နိုင်ငံကိုယ် ကိုယ်ကာကွယ်ဖို့၊ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ဖို့ ကိစ္စတွေမှာ အဟန့်အတား အနှောက်အယှက် အတားအဆီးတွေ မှန်သမျှဖြစ်လာနိုင်သလားဆိုတာကို မဟုတ်ဘူးလို့ ကျွန်တော်တို့ ထပ်ပြီး သေသေချာချာ ဒီစကားဝိုင်းမှာ ပြောလိုက်ပါတယ်။

နောက်ဆုံးအချက်က ပြည်ထောင်စုဝန်ကြီး ပြောတဲ့အချက်ပါ။ ပြည်သူတွေ ဘယ်လို ပါဝင်မရလဲ။ ဘယ်လိုပုံစံနဲ့ ပါရမယ်ဆိုတာကို ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။ ပြည်ထောင်စုဝန်ကြီး ပြောသွားတာကို ကျွန်တော်နားလည်သလို ပြောရမယ်ဆိုရင် အမှန် တရားတစ်ခုကို ကျွန်တော်တို့ ပြသဖို့ ဖြစ်ပါတယ်။ အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူတွေ ပူးပေါင်းဖို့က အမှန်တရားနဲ့အတူ ရပ်တည်ပေးဖို့ ဖြစ်ပါ တယ်လို့ ပြောရင်းနဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးခန်းကို အဆုံးသတ်ချင်ပါတယ်။ ပြည်ထောင်စု ဝန်ကြီး အပါအဝင် ဆရာဆရာမတို့အားလုံးကို  အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။