နေပြည်တော် ၂၇ ဇန်နဝါရီ
ICJ ၏ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဆိုပါအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ ဥပဒေရေးရာအကြံပေး (မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်) ဦးကျော်တင်တို့နှင့် ဦးကိုကို(စက်မှုတက္ကသိုလ်)တို့၏ အတွေ့အကြုံ ရှင်းလင်းသည့် စကားဝိုင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံရေဒီယိုနှင့် MRTV Facebook Page တို့တွင် ဇန်နဝါရီလ ၂၈ ရက်၊ အင်္ဂါနေ့ ည ၈ နာရီ မိုးလေဝသတင်းအပြီးတွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)