ရန်ကုန်   ၅   မေ          

 

တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် INNO Group - INNO City Project မှ ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် အလှူငွေကျပ် သိန်း(၅၀) နှင့် နှာခေါင်းစည်း  ခု ရေ ၂၀ဝ၀ အား မေလ ၄ ရက် ‌မွန်းလွဲ(၁)နာရီက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့ရာ ကော်မတီဝင်များက ကျေးဇူးတင်လျက် ဝမ်းမြောက်စွာဖြင့် လက်ခံရယူခဲ့သည်။

 

ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က INNO Group မှ လာရောက်လှူဒါန်းခဲ့‌သော အလှူငွေကျပ်သိန်း (၅၀)အနက်မှ အလှူငွေကျပ်(၁၀)သိန်းအား တောင်ဥက္ကလာပမြို့နယ် အ.ထ.က(၂) ကျောင်းတွင် ဖွင့်လှစ်ထားသော ဖျားနာကုဆေးခန်း (Fever Clinic)သို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

နေထက်အောင်