ရန်ကုန် ၅  နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာနှင့် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရသအနုပညာဆိုင်ရာမိတ်ဆက်(TV & FILM DRAMA ORIENTATION DAY LED BY BRITISH SCREENWRITER RACHEL MATHEWS) ခေါင်းစဉ်ဖြင့် ရုပ်ရှင်ဇာတ်ညွှန်းနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၇ ရက် နံနက်  ၉  နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် (၅၀) ရွှေတောင်ကြားလမ်း၊ ရုပ်ရှင် အနုပညာရပ်ဝန်းရှိ “ရုပ်ရှင်ဖွံ့ဖြိုးတိုး တက်ရေးစင်တာ”(Film Development Centre) ၌ ကျင်းပမည် ဖြစ်သည်။

 

အဆိုပါဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံသူ ဇာတ်ညွှန်းဆရာမ MS.RACHEL MATHEWS မှ ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်​ရေးလုပ်ငန်းများတွင် နိုင်ငံတကာစံနှုန်းများနည်းတူ လုပ်ကိုင်နိုင်စေရန်အတွက်  ဇာတ်ညွှန်းကဏ္ဍမှ အထောက်အကူပြု ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်