ဘားအံ၊     ဇန်နဝါရီ

 

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ခြေ အရှေ့ဘက်ခြမ်းရှိအဝင်လမ်းအား လမ်းအကျယ် တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလမ်းကို ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၃.၈၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခင်လမ်းဟောင်းအကျယ် ၁၂ ပေအား တစ်ဖက်လျှင် ပေစီတိုးချဲ့ခြင်းနှင့် လမ်းအရှည် .၆၀၉ ကီလိုမီတာအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

IMG_20210108_153232